Privacy Policy
(ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒ)
Last Updated (နောက်ဆုံးပြင်ဆင်ရက်): January 15, 2026
အောက်ပါ စာသားများသည် YaWel (ရဝယ်) အက်ပ်ကို အသုံးပြုသူများအတွက် Google Play Store ၏ စည်းမျဉ်းများနှင့်အညီ ရေးသားထားသော မူဝါဒများ ဖြစ်ပါသည်။
1. Introduction (နိဒါန်း)
Revila App Lab မှ YaWel (ရဝယ်) အက်ပ်ကို အခမဲ့ ဝန်ဆောင်မှုတစ်ခုအနေဖြင့် ဖန်တီးထားပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုကို လေးစားလိုက်နာပါသည်။ ဤမူဝါဒသည် နွားနှင့် လယ်ယာသုံးစက်ကိရိယာများ ရောင်းဝယ်ရာတွင် ဤဝန်ဆောင်မှုကို အသုံးပြုပါက လူကြီးမင်းတို့၏ အချက်အလက်များကို ကျွန်ုပ်တို့ မည်သို့ ရယူသည်၊ အသုံးပြုသည်များကို ရှင်းလင်းဖော်ပြထားခြင်း ဖြစ်ပါသည်။
[EN] Revila App Lab built the YaWel app as a Free app. We respect your privacy. This policy explains how we collect, use, and share information when you use our marketplace platform.
2. Information Collection and Use (အချက်အလက် ကောက်ခံခြင်းနှင့် အသုံးပြုခြင်း)
ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုရရှိနိုင်ရန်အတွက် အောက်ပါအချက်အလက်များကို ရယူပါမည် -
- ကိုယ်ရေးအချက်အလက်များ - အမည်၊ ဖုန်းနံပါတ် (အကောင့်ဖွင့်ရန်နှင့် အသုံးပြုသူအစစ်အမှန် ဖြစ်ကြောင်း အတည်ပြုရန်)။
- အကြောင်းအရာများ - ရောင်းချမည့် ပစ္စည်းများ (နွား/ထွန်စက်) ၏ ဓာတ်ပုံများ၊ အချက်အလက်များနှင့် ဈေးနှုန်းများ။
- စက်ပစ္စည်း အချက်အလက်များ - Device ID နှင့် အသုံးပြုမှု မှတ်တမ်းများ (လုံခြုံရေးနှင့် ဝန်ဆောင်မှု တိုးတက်စေရန်)။
[EN] For a better experience, we collect Personal Information (Name, Phone for verification), Content (Photos, prices), and Device Information (Device ID for security).
3. App Permissions (အက်ပ် ခွင့်ပြုချက်များ)
အက်ပ်၏ အဓိကလုပ်ဆောင်ချက်များ ပြည့်စုံရန်အတွက် အောက်ပါ ခွင့်ပြုချက်များကို တောင်းခံပါသည် -
- ကင်မရာ အသုံးပြုခွင့် (Camera): သင်ရောင်းချလိုသော နွား၊ ထွန်စက်များကို အက်ပ်ထဲမှ တိုက်ရိုက်ဓာတ်ပုံရိုက်ပြီး တင်နိုင်ရန်အတွက် ကင်မရာကို အသုံးပြုပါသည်။
- ဓာတ်ပုံများ ရယူခွင့် (Storage/Gallery): သင့်ဖုန်းထဲတွင် ရှိပြီးသား ဓာတ်ပုံများကို ရွေးချယ်တင်နိုင်ရန်အတွက် အသုံးပြုပါသည်။
[EN] We request specific permissions to provide core features:
- Camera: To capture photos of items explicitly for uploading to the marketplace.
- Storage: To select and upload existing photos from your gallery.
4. How We Use Your Information (အသုံးပြုပုံ)
- ရောင်းသူနှင့် ဝယ်သူ တိုက်ရိုက် ချိတ်ဆက်ပေးရန်။
- လူကြီးမင်း ရောင်းချလိုသော ပစ္စည်းများကို အခြားသူများ မြင်တွေ့နိုင်စေရန်။
- အသုံးပြုသူ မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုရန်နှင့် လိမ်လည်မှုများ တားဆီးရန်။
[EN] We use data to connect buyers and sellers directly, display your listed items to the public, and verify user identity to prevent fraud.
5. Information Sharing (အချက်အလက် မျှဝေခြင်း)
အရောင်းအဝယ် ပြုလုပ်နိုင်ရန်အတွက် လူကြီးမင်း၏ အမည်နှင့် ဖုန်းနံပါတ် ကို အခြား အသုံးပြုသူများ (ဝယ်ယူလိုသူများ) မြင်တွေ့နိုင်ပါသည်။ လူကြီးမင်း၏ အချက်အလက်များကို ပြင်ပ ကုမ္ပဏီများထံ လုံးဝ ရောင်းချမည် မဟုတ်ပါ။
[EN] Your name and phone number will be visible to other users for trading purposes. We do not sell your personal data to third parties.
6. User Safety & Content Tools (အသုံးပြုသူများ လုံခြုံရေး)
YaWel သည် ဈေးကွက်တစ်ခုဖြစ်သည့်အတွက် လုံခြုံရေးကို ဦးစားပေးပါသည်။
- အသုံးပြုသူများအနေဖြင့် မနှစ်သက်သူများကို Block (ပိတ်ပင်ခြင်း) ပြုလုပ်နိုင်ပါသည်။
- မလျော်ကန်သော ပို့စ်များ၊ လိမ်လည်သူများကို Report (တိုင်ကြားခြင်း) ပြုလုပ်နိုင်ပါသည်။
- လိမ်လည်မှုများနှင့် စည်းကမ်းမလိုက်နာသော ပို့စ်များကို Admin မှ စစ်ဆေးပြီး ဖယ်ရှားသွားပါမည်။
[EN] To ensure safety, users can Block others and Report inappropriate content. We review and remove abusive content or scams.
7. Safety Disclaimer (လုံခြုံရေး ဝန်ခံချက်)
- ကြားခံနေရာသာ ဖြစ်ခြင်း - YaWel (ရဝယ်) သည် ရောင်းသူနှင့် ဝယ်သူ ချိတ်ဆက်ပေးသော နေရာသက်သက်သာ ဖြစ်ပါသည်။ ငွေကြေးလွှဲပြောင်းမှုများအတွက် တာဝန်မယူပါ။
- ငွေကြေး လုံခြုံမှု - ပစ္စည်းကို မျက်မြင် တွေ့ရှိပြီးမှသာ ငွေချေပါ။ ငွေကြိုလွှဲခြင်း လုံးဝ မပြုလုပ်ပါနှင့်။
- လူကိုယ်တိုင် လုံခြုံမှု - လူချင်းတွေ့ဆုံ အရောင်းအဝယ် ပြုလုပ်သည့်အခါ လုံခြုံစိတ်ချရသော နေရာများတွင်သာ တွေ့ဆုံပါ။ တစ်ယောက်တည်း မသွားပါနှင့်။
[EN] YaWel is a platform only; we are not responsible for transactions. Do not transfer money in advance. Always meet in safe locations.
8. Data Deletion (အချက်အလက် ဖျက်သိမ်းခြင်း)
လူကြီးမင်း၏ အကောင့်နှင့် အချက်အလက်များ (ပရိုဖိုင်၊ တင်ထားသော ပို့စ်များ) အားလုံးကို အပြီးတိုင် ဖျက်သိမ်းလိုပါက အောက်ပါနည်းလမ်းများဖြင့် တောင်းဆိုနိုင်ပါသည်။
- အောက်ဖော်ပြပါ အီးမေးလ်သို့ ဆက်သွယ်၍ တောင်းဆိုခြင်း။
- သို့မဟုတ် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ရှိ အကောင့်ဖျက်သိမ်းရန် စာမျက်နှာသို့ သွားရောက်ခြင်း - https://yawelmm.com/delete-account
[EN] You have the right to delete your account and associated data. You can request this via email below or by visiting our deletion page at yawelmm.com/delete-account.
9. Contact Us (ဆက်သွယ်ရန်)
ဤမူဝါဒနှင့် ပတ်သက်၍ မေးမြန်းလိုသည်များ ရှိပါက ဆက်သွယ်နိုင်ပါသည်။
[EN] If you have questions about this policy, please contact us.
thuradev2024@gmail.com
Revila App Lab
www.yawelmm.com/delete-account